အယ်လ်အစ်တီဟတ်အသင်း က ဆာလာကို ခေါ်ယူရန် ကမ်းလှမ်း
28 Mar
ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းဟာ လီဗာပူးအသင်းမှထွက်ခွာမယ့် တိုက်စစ်မှူး ဆာလာကို ခေါ်ယူရန် ကမ်းလှမ်းခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရတိုက်စစ်မှူးသည် လီဗာပူးအသင်းနှင့်အတူ ၂၀၁၇-၂၀၁၈ မှ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၄၃၅ ပွဲ ကစားပြီး ၂၅၅ ဂိုးသွင်းယူကာ ခြေစွမ်းပြ နိုင်ခဲ့ခြင်းကြောင့် အယ်လ်အစ်တီ ဟတ်အသင်းက ခေါ်ယူရန် ကမ်းလှမ်းလာခြင်းဖြစ်ပါတယ်။ တိုက်စစ်မှူး ဆာလာကလည်း အယ်လ်အစ်တီဟတ်အသင်း၏ ကမ်းလှမ်းလာမှု ကို လက်ခံစဉ်းစား သွားဖွယ် ရှိနေပါတယ်။ ဒါ့ကြောင့် အယ်လ်အစ်တီဟတ်အသင်းအနေနဲ့ တိုက်စစ် ဆာလာကို ခေါ်ယူသွားနိုင် မည်လားဆိုသည်မှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ (NVS 008)
28 Mar