ရလဒ်ဆိုးရွားနေသည့် စပါးအသင်းနည်းပြကို ထုတ်ပယ်ခဲ့ပြီး နည်းပြသစ်အဖြစ် ဒီဇာဘီကို ခေါ်ယူရန် ဆွေးနွေး
28 Mar
စပါးအသင်းဟာ ရလဒ်ဆိုးများကြောင့် လက်ရှိနည်းပြတူဒေါကို ရာထူးမှ ထုတ်ပယ်ပြီး နည်းပြသစ်အဖြစ် ဒီဇာဘီကို ခန့်အပ်ရန် ဆွေးနွေးလျက်ရှိကြောင်း သိရပါတယ်။ အသက် ၄၆ နှစ်အရွယ် နည်းပြဒီဇာဘီဟာ နည်းပြ အဖြစ် မာဆေးလ်၊ ဆက်ဆူအိုလို၊ ဘရိုက်တန် စတဲ့ ကလပ်အသင်းများအပြင် အခြားကလပ်အသင်းများစွာကို ကိုင် တွယ်ခဲ့ပြီး အတွေ့အကြုံရှိတဲ့ နည်းပြတစ်ဦးဖြစ်တာကြောင့် ရလဒ်ဆိုးရွားနေတဲ့ စပါးအသင်းရဲ့နည်းပြသစ် အဖြစ် ခန့်အပ်ရန် စီစဉ်လာခြင်း ဖြစ်ပါတယ်။ လက်ရှိအချိန်တွင် နည်းပြ ဒီဇာဘီကလည်း အသင်းလက်မဲ့ဖြစ်နေခြင်းကြောင့် စပါးအသင်း၏ ကမ်းလှမ်း လာမှု ကို လက်ခံစဉ်းစားသွားဖွယ်ရှိနေပါတယ်။ ဒါကြောင့် နည်းပြ ဒီဇာဘီ အား စပါးအသင်းနည်းပြသစ် အဖြစ် မြင်တွေ့ရမည်လား ဆိုတာကို စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ (NVS 008)
28 Mar