ကိုင်စီဒို က ချဲလ်ဆီးအသင်းတွင်သာ ဆက်ရှိသွားမည်ဟု ပြောကြား

28 Mar

ချဲလ်ဆီးအသင်း ကွင်းလယ်ကစားသမား မွိုက်ဆီစ်ကိုင်စီဒို က မိမိအနေဖြင့် အသင်းမှထွက်ခွာမည် ဆိုတဲ့ သတင်းတွေဟာ ကောလာဟလများသာဖြစ်ပြီး အသင်းတွင်သာ ဆက်ရှိသွားမည်ဟု ပြောကြားခဲ့ပါတယ်။ လက်ရှိ အချိန်တွင် ကိုင်စီဒိုကို ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း ကစားသမားကိုယ်တိုင်က အသင်းတွင်သာ ဆက်ရှိသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကွင်းလယ်ကစားသမား ကိုင်စီဒိုဟာ ချဲလ်ဆီးအသင်းနဲ့ ယခုနှစ်ရာသီ အထိ ပြိုင်ပွဲစုံ ၁၃၉ ပွဲ ကစားပြီး ရှစ်ဂိုးသွင်းယူကာ ခြေစွမ်းပြထားသူ တစ်ဦးဖြစ်ပါတယ်။ ကိုင်စီဒိုက အသင်းမှာ ပျော်ရွှင်နေပြီး အသင်းနဲ့အတူ အောင်မြင်မှုများကို ရယူပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 008)

28 Mar

ADVERTISE HERE .