အမ်ဘာပေ က ဒူးဒဏ်ရာမှားယွင်းကုသခဲ့တယ်ဆိုတဲ့ သတင်းတွေကို ဖြေကြားရန်ငြင်းဆို

28 Mar

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး အမ်ဘာပေက သူ့ရဲ့ဒူးဒဏ်ရာကို အသင်းဆေးအဖွဲ့က မှားယွင်းကုသခဲ့တယ် ဆိုတဲ့ သတင်းတွေကို ဖြေကြားရန် ငြင်းဆိုခဲ့ပါတယ်။ ပြင်သစ်မီဒီယာ RMC Sport က ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း ရီးရဲလ်အသင်းဟာ အမ်ဘာပေရဲ့ဘယ်ဘက်ဒူးဒဏ်ရာကို စစ်ဆေးရမယ့်အစား ညာဘက်ဒူးကို Scan ဖတ်ခဲ့ ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ ဒီဇင်ဘာလ ၃၁ ရက်က အမ်ဘာပေရဲ့ဒူးဒဏ်ရာရရှိမှုကို အသင်းက တရားဝင် သတင်း ထုတ်ပြန်ခဲ့ပြီး ယင်းမတိုင်မီ အမ်ဘာပေဟာ အသင်းအတွက် သုံးပွဲကစားပေးခဲ့ပါတယ်။ ပါရီမှာ အမ်ဘာပေဟာ သွားရောက်ကုသမှုခံယူခဲ့တာကြောင့် ရက်သတ္တပတ်သုံးပတ်ဝန်းကျင် လွဲချော်ခဲ့ပြီး နောက် အသင်းက ဒဏ်ရာနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲသတင်းကို ထပ်မံထုတ်ပြန်ခဲ့ပါတယ်။ ဘရာဇီးလ်နဲ့ ကစားမယ့် ခြေစမ်းပွဲအတွက် ပြင်သစ်အသင်းနဲ့ လာရောက်ပူးပေါင်းခဲ့စဉ်မှာ အမ်ဘာပေက အဆိုပါသတင်းတွေကို ဖြေဆိုရန် ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

28 Mar

ADVERTISE HERE .