YBS ယာဉ်များ သတ်မှတ်ခေါက်ရေ ပြေးဆွဲနိုင်ရန်အတွက် ညအချိန်တွင် စက်သုံးဆီ ဖြည့်နိုင်

28 Mar

စက်သုံးဆီ ကန့်သတ်ချက်များကြောင့် YBS ယာဉ်များ သတ်မှတ်ခေါက်ရေ ပြေးဆွဲနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၏ ညွှန်ကြားချက်ဖြင့် ညအချိန်တွင် စက်သုံးဆီ ဖြည့်နိုင်ရန်အတွက် ဆောင်ရွက်ပေးထား ကြောင်း YRTC မှသိရပါတယ်။ စက်သုံးဆီကန့်သတ်ချက်ကြောင့် အိမ်စီးကားများအား စုံ/မ ခွဲခြားလိုက်ချိန်တွင် YBS စီးနင်းသည့် ခရီးသည်များ ယခင်ကထက် ၂ သိန်းခွဲကျော်ရှိလာကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၏ တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်က ပြောကြားခဲ့ပါ တယ်။ မတ်လဆန်းပိုင်းတွင် ယာဥ်လိုင်း ၁၃၂ လိုင်း၊ ယာဉ်စီးရေ ၃,၄၀၀ စီးခန့်၊ ခရီးသည်(၁ ဒသမ ၄၆) သန်း ခန့်ရှိရာမှ ယခုအချိန်တွင် စက်သုံးဆီကန့်သတ်ချက်ကြောင့် စုံ/မခွဲခြားချိန်တွင် ခရီးသည်(၁ ဒသမ ၇)သန်းခန့် အထိ များပြားလာကြောင်း သိရပါတယ်။ ဒါ့အပြင် YRTC ကြီးကြပ်မှုအောက်၌ YBS ယာဉ်လိုင်းကုမ္ပဏီ ၂၁ ခု၊ ယာဉ်လိုင်း ၁၄၅ လိုင်း၊ ယာဉ်စီးရေ ၅,၄၃၈ စီးရှိပြီး CNG အသုံးပြု YBS ယာဉ် ၅,၀၁၃ စီး၊ ဒီဇယ်အသုံးပြု YBS ယာဉ် ၄၂၃ စီးရှိတာကြောင့် ဒီဇယ်အသုံးပြု YBS ယာဉ်များအတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ညွှန်ကြားချက်အရ တစ်နေ့ လျှင် ဒီဇယ် ၄၀ လီတာဝယ်ယူဖြည့်သွင်းခွင့်ပြုခဲ့ပြီး ညအချိန်တွင် ဆီဖြည့်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ညွှန်ကြားချက်အရ YBS ယာဉ်ထွက်အင်အားတိုးတက်ရေးအတွက် CNG သုံး YBS ယာဉ်များ သတ်မှတ်ခရီးစဉ်လမ်းကြောင်းအတိုင်းပြေးဆွဲခြင်းမရှိဘဲ ကြို/ပို့ပြုလုပ်ပါက CNG ပိတ်သိမ်း အရေးယူသွားမည်ဖြစ်ကြောင်း YRTC ၏ တွဲဖက်အတွင်းရေးမှူးက ပြောကြားခဲ့ပါတယ်။(NVS 004)

28 Mar

ADVERTISE HERE .