ဘီလာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုနှင့်မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်တို့တွေ့ဆုံ

28 Mar

ဘီလာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့က နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို မတ်လ ၂၇ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။ ဘီလာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုက မတ်လ ၂၅ ရက်တွင် ၎င်း၏ပထမဆုံးတရားဝင်ခရီးစဉ်အဖြစ် မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်ခဲ့သည်။ မတ်လ ၂၆ ရက်တွင် ၎င်းက ခေါင်းဆောင်ကင်ဂျုံအန်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချုပ်များကို လက်မှတ်ရေးထိုးခဲ့သည်။ နှစ်နိုင်ငံအနေဖြင့် ၎င်းတို့၏အချုပ်အခြာအာဏာကို ကာကွယ်ရန်နှင့်ပြည်သူများအတွက် သာယာဝပြောရေးကို ဆောင်ကြဉ်းရန် ပိုမို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း ဘီလာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုက ပြောကြားခဲ့သည်။ ခေါင်းဆောင်ကင်ဂျုံအန်က ဘီလာရုစ်နိုင်ငံအပေါ် ထောက်ခံမှုအပြည့်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ခေါင်းဆောင်နှစ်ဦးက နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန်ရည်ရွယ်၍ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်အပြင် စိုက်ပျိုးရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် သတင်းအချက်အလက်စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသဘောတူညီချက်များကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း NHK သတင်းဌာန ဖော်ပြချက်အရ သိရသည်။

28 Mar

ADVERTISE HERE .