ကြွက်သားဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ်ခန့် အနားယူရဖွယ်ရှိတဲ့ ဂရင်းဝုဒ်
27 Mar
မာဆေးလ်အသင်းတိုက်စစ်မှူး ဂရင်းဝုဒ်က ကြွက်သားဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ်ခန့် အနားယူရဖွယ်ရှိပါတယ်။ မာဆေးလ်အသင်းက လိုင်လီအသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ ခြင်းဖြစ်ပါတယ်။ တိုက်စစ်မှူး ဂရင်းဝုဒ် ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်ခဲ့ရခြင်းကြောင့် မာဆေးလ်အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ရပ် ဖြစ်လာခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိတိုက်စစ်မှူး ဂရင်းဝုဒ် က မာဆေးလ်အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၇၄ ပွဲကစား ပြီး ၄၇ ဂိုးသွင်းယူကာ ခြေစွမ်းပြထားပါတယ်။ (NVS 008)
27 Mar