ယခုနှစ်ဘောလုံးရာသီအကုန်မှာ အသင်းမှ ထွက်ခွာမယ့် ဆာလာ
27 Mar
တိုက်စစ်မှူး ဆာလာ က ယခုနှစ် ဘောလုံးရာသီအကုန်မှာ အသင်းကနေ ထွက်ခွာမည်ဖြစ်ကြောင်း လီဗာပူးအသင်းမှ အတည်ပြုထုတ်ပြန်ကြေညာခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိ တိုက်စစ်မှူး ဆာလာ ကို လက်ရှိအချိန်မှာ ဆော်ဒီကလပ်အသင်းများအပြင် ဥရောပကလပ်အသင်းများစွာက ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိပါတယ်။ ဆာလာ က လီဗာပူးအသင်းနှင့်အတူ ၂ဝ၁၇- ၂ဝ၁၈ မှ ၂ဝ၂၅-၂ဝ၂၆ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၄၃၅ ပွဲ ကစားပြီး ၂၅၅ ဂိုး သွင်းယူကာ ခြေစွမ်းပြထားပါတယ်။ (NVS 008)
27 Mar