2026 Miami Open ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့တဲ့ ဆင်နာ
27 Mar
အမေရိကန်နိုင်ငံတွင် ကျင်းပလျက်ရှိတဲ့ အမျိုးသားတင်းနစ် ပြိုင်ပွဲဖြစ်သည့် 2026 Miami Open တင်းနစ် ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်သို့ အီတလီတင်းနစ် ကစားသမား ဆင်နာ တက်ရောက်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ အီတလီတင်းနစ် ကစားသမား ဆင်နာ က 2026 Miami Open တင်းနစ်ပြိုင်ပွဲ စတုတ္ထ အဆင့်မှာ အမေရိကန်တင်းနစ်ကစားသမား အဲလက်စ်မိုက်ဆန် ၇-၅၊ ၇-၆ ဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ 2026 Miami Open တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်မှာ အီတလီတင်းနစ်ကစားသမား ဆင်နာနှင့် အမေရိကန်တင်းနစ်ကစားသမား ဖရန်ဆစ်တိုင်ဖို့ တို့ကို ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ (NVS 008)
27 Mar