အာရှဖလားခြေစစ်ပွဲမှာ အာဖဂန်နစ္စတန်အသင်းကို အနိုင်ရခဲ့တဲ့ မြန်မာအသင်း

27 Mar

ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ အာရှဖလားခြေစစ်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်းက အာဖဂန်နစ္စတန်အသင်းကို နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။ မြန်မာအသင်းအတွက် ဂိုးများကို ပထမပိုင်းမှာ သန်းပိုင် နှင့် ဒုတိယပိုင်းတွင် ခွန်ကျော်ဇင်ဟိန်းက သွင်းယူ ပေးခဲ့ပါတယ်။ မြန်မာအသင်းအနေနဲ့ အာရှဖလားခြေစစ်ပွဲမှာ အာဖဂန်နစ္စတန်အသင်းကို နှစ်ကျော့ယှဉ်ပြိုင် ကစားခဲ့ရာ နှစ်ကျော့စလုံး အနိုင်ရရှိခဲ့ပါတယ်။ (NVS 008)

27 Mar

ADVERTISE HERE .