ရန်ကုန်–ဒလ ချယ်ရီသင်္ဘောများ မတ်လ၂၈ ရက်မှစ၍ နောက်ဆုံးပြေးဆွဲချိန်ကို ပြောင်းလဲမည်

27 Mar

ရန်ကုန်မြို့ ပန်းဆိုးတန်းနှင့် ဒလမြို့ကို ခရီးသည်ပို့ဆောင်တဲ့ ချယ်ရီကူးတို့သင်္ဘောများ၏ နောက်ဆုံးပြေးဆွဲ ချိန်များကို မတ်လ ၂၈ ရက်မှစ၍ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရပါတယ်။ ယခင်က နောက်ဆုံးပြေးချိန်များမှာ ဒလမှ ည ၇ နာရီခွဲ၊ ပန်းဆိုးတန်းမှ ည ၈ နာရီ ဖြစ်ပြီး ပြောင်းလဲသတ်မှတ်တဲ့ နောက်ဆုံးချိန်မှာ ဒလမှ ည ၇ နာရီ၊ ပန်းဆိုးတန်းမှ ည ၇ နာရီ ၄၅ မိနစ် ဖြစ်ပါတယ်။ နံနက်ပိုင်း စတင်ထွက်ခွာချိန်များမှာ မည်သည့်ပြောင်းလဲမှုမရှိဘဲ ဒလမှ နံနက် (၅) နာရီခွဲ၊ ပန်းဆိုးတန်းမှ နံနက် (၆) နာရီအတိုင်း ဆက်လက်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန်–ဒလ ချယ်ရီကူးတို့သင်္ဘော (Pansodan‑Dala ferry)က ရန်ကုန်မြို့နှင့် ဒလမြို့အကြား တစ်နေ့လျင် လူဦးရေ တစ်သောင်းကျော်ကို သယ်ယူပို့ဆောင်ပေးနေခြင်း ဖြစ်ပါတယ်။ (NVS 004)

27 Mar

ADVERTISE HERE .