ကျိုက္ကစံစေတီတော်မြတ်ကြီးအား ရွှေစင်ရွှေပြား၊ ရွှေမျက်ပါးတို့ကို ရွှေပန္နက်ချစတင်ကပ်လှူပူဇော်

27 Mar

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကစံစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နား တော်၊ ထီးတော်ရောင်တော်ဖွင့်ပူဇော်ခြင်းနှင့် ရွှေစင်ရွှေပြား၊ ရွှေမျက်ပါးတို့ကို ရွှေပန္နက်ချစတင် ကပ်လှူပူဇော်ခြင်း တို့ကို မတ်လ ၂၆ ရက်နံနက်ပိုင်းကနေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း မှ စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော် တို့ကို ရောင်တော်ဖွင့်ပူဇော်ပြီး ရွှေစင်ရွှေပြားများအား ရွှေပန္နက်ကပ်လှူပူဇော်ခဲ့ကြောင်း သိရပါတယ်။ အဲဒီနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း မှ စေတီတော်မြတ်ကြီးကို ရွှေစင်ရွှေပြား ကပ်လှူပူဇော်ရန် အလှူငွေများ ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)

27 Mar

ADVERTISE HERE .