မလေးရှားနိုင်ငံတွင် ရေနံဈေးနှုန်းမြင့်တက်မှုကြောင့် စက်သုံးဆီထိန်းချုပ်ရေး အစီအမံများ ထုတ်ပြန်
27 Marမလေးရှားအစိုးရသည် ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်နေမှုကြောင့် စက်သုံးဆီဖူလုံစေရန်နှင့် မှောင်ခိုရောင်းဝယ် မှုများကို တားဆီးနိုင်ရန် စက်သုံးဆီစီမံခန့်ခွဲမှုအစီ အစဉ်အသစ်များကို မတ်လ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာသည်။ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ထောက်ပံ့ကြေးပေးသည့် စက်သုံးဆီအစီအစဉ်ကို ပြင်ဆင်ခြင်း၊ ဝယ်ယူခွင့်ပမာဏကို ကန့်သတ်ခြင်းနှင့် မှောင်ခိုဈေးကွက်ကို တင်းကျပ်စွာအရေးယူခြင်းဟူသည့်အချက်သုံးချက်ကို အဓိကထားဆောင်ရွက်မည်ဟုပြောသည်။ ထိုအစီအစဉ်အရ BUDI95 ထောက်ပံ့ကြေးပေးစနစ်၌ တစ်လလျှင် လီတာ ၃၀၀ မှ ၂၀၀ သို့ လျှော့ချ သတ်မှတ်ပြီး ဧပြီလ ၁ ရက် မှစ၍ သက်ရောက်မှုရှိမည်ဖြစ်သည်။ အစိုးရအနေဖြင့် စက်သုံးဆီဝယ်ယူမှုကို ယာယီ ကန့်သတ်ခြင်းဖြင့် တရားမဝင်သိုလှောင်မှုများကို ဟန့်တားသွားမည်ဖြစ်ကြောင်းသိရသည်။
27 Mar