“ရာမညအသင်း ဖျက်သိမ်းကြောင်းကြေညာ”

26 Mar

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင်အသင်းတစ်သင်းဖြစ်သည့် ရာမညအသင်းကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အသင်းပိုင်ရှင် ဦးသင်းမောင်စိုးက လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ရေးသားခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့တဲ့ ရာမညအသင်းက ယခုနှစ်ဘောလုံးရာသီမှာ မြန်မာနေရှင်နယ်လိဂ် -၁ မှ လိဂ်-၂ ကို တန်းဆင်းခဲ့ရတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ အသင်းပိုင်ရှင်၏ ထုတ်ပြန်မှုအရ နည်းပြများနှင့် ကစားသမားများအတွက် ပေးချေရမည့် လစာအားလုံးကိုလည်း ပေးချေပြီးဖြစ်တယ်လို့ သိရပါတယ်။ ရာမညယူနိုက်တက်အသင်းက ယခုနှစ်ဘောလုံးရာသီမှာ နိုင်ပွဲတစ်ပွဲသာရရှိခဲ့ပြီး သုံးပွဲသရေ၊ ၁၈ ပွဲ ရှုံးရလဒ်ဖြင့် တန်းဆင်းခဲ့ရခြင်း ဖြစ်ပါတယ်။ (NVS 008)

26 Mar

ADVERTISE HERE .