“ရီးရဲလ်အသင်းနဲ့ သတင်းတွေဖြစ်ပေါ်နေမှုကို ငြင်းဆန်ခဲ့တဲ့ ယာဂန်ကလော့ပ်”
26 Mar
လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ် က လာမယ့်နွေရာသီမှာ ရီးရဲလ်အသင်းကို ကိုင်တွယ်ပြီး နည်းပြလောကထဲ ပြန်လည်ဝင်ရောက်လာမယ်လို့ဆိုတဲ့ သတင်းတွေကို ပြန်လည်ငြင်းဆိုခဲ့ပါတယ်။ အသက် ၅၈ နှစ်အရွယ် ကလော့ပ် ဟာ ရာသီကုန်မှာ အာဘီလိုအာ နေရာအစားထိုးဖို ရီးရဲလ်အသင်းနဲ့ ချိတ်ဆက်မှုရှိနေတယ်လို သတင်းများထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ကလော့ပ် အနေနဲ့ ၂၀၂၃-၂၄ ရာသီကုန်မှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာပြီးကတည်းက ဘယ်အသင်းကိုမှ နည်းပြ လုပ်ဆောင်ခြင်း မရှိသေးပါဘူး။ လက်ရှိမှာ ရက်ဘူးလ်အသင်းရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအကြီးအကဲအဖြစ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကလော့ပ် က ရီးရဲလ်အသင်းနဲ့သတင်းတွေကို ငြင်းဆန်ခဲ့ပေမဲ့ နည်းပြအဖြစ် တစ်ဖန်ဆောင်ရွက်နိုင်တယ်လို ဝန်ခံခဲ့ပါတယ်။ ကလော့ပ် ဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ လီဗာပူးလ်အသင်းနည်းပြ ဖြစ်လာပြီး ယင်းမတိုင်ခင် မိန့်ဇ်၊ ဒေါ့မွန်အသင်းတွေကို နည်းပြခဲ့ပါတယ်။(NVS 008)