“ပြင်သစ်အသင်းရဲ့ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူခဲ့တဲ့ ပါယက်”
26 Mar
ပြင်သစ်အသင်းနဲ့ ဝက်စ်ဟမ်းအသင်း ကွင်းလယ်တိုက်စစ်ကစားသမားဟောင်း ဒီမီထရီပါယက် ဟာ ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။ ပါယက်ဟာ ဟာ ပြင်သစ်အသင်းအတွက် ၃၈ ပွဲကစားပေးခဲ့ပြီး ယူရို-၂၀၁၆ ဗိုလ်လုပွဲတက်ရောက်စေဖို့ ကူညီပေးခဲ့ပါတယ်။ ၎င်းဟာ ၂၀၁၅ ဇွန်လမှာ မာဆေးလ်အသင်းကနေ ဝက်စ်ဟမ်းအသင်းထံ ပေါင် ၁၀ ဒသမ ၇ သန်းနဲ့ ရောက်ရှိလာပြီး ၂၀၁၇ ဇန်နဝါရီမှာတော့ အသင်းဟောင်းသို့ ပေါင် ၂၅ သန်းနဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။ ပါယက် အနေနဲ့ ဝက်စ်ဟမ်းအသင်းမှာ ပွဲ ၆၀ ကစား ၁၅ ဂိုး သွင်းယူခဲ့ကာ ကလပ်နဲ့ အဆင်မပြေလို့ လမ်းခွဲခဲ့ရတာဖြစ်ပါတယ်။ (NVS 008)
26 Mar