“အီရန်နိုင်ငံက ရန်စတိုက်ခိုက်မှုများတွင် မပါဝင်သည့် နိုင်ငံများမှ သင်္ဘောများအား ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခွင့်ပြု”

26 Mar

အီရန်နိုင်ငံက ရန်စတိုက်ခိုက်မှုများတွင် မပါဝင်သည့်နိုင်ငံများမှ သင်္ဘောများအား ဟော်မုဇ်ရေလက်ကြား ကို ဖြတ်သန်းခွင့်ပြုထားကြောင်း သိရသည်။ အဆိုပါသင်္ဘောများသည် အီရန်အာဏာပိုင်များနှင့်ညှိနှိုင်းပြီး ဘေးကင်းရေး နှင့်လုံခြုံရေးစည်းမျဉ်းများကို အပြည့်အဝလိုက်နာကာ ရေလက်ကြားကို လုံခြုံစွာဖြတ်သန်းနိုင်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ အီရန်နိုင်ငံ၏အမြဲတမ်းမစ်ရှင်က မတ်လ ၂၅ ရက်က လူမှုကွန်ရက်၌ ရေးသားခဲ့သည်။ ထို့ပြင်အီရန်အာဏာပိုင်များက ပင်လယ်ရေကြောင်းလုံခြုံရေးနှင့် ကုလသမဂ္ဂအေဂျင်စီဖြစ်သည့် အပြည်ပြည် ဆိုင်ရာရေကြောင်းအဖွဲ့အစည်း၏အဖွဲ့ဝင်နိုင်ငံများထံ အလားတူကြေညာချက်ကို ပေးပို့ခဲ့သည်။ တီဟီရန်က အီရန်အပေါ်စစ်ရေးအရ စစ်ဆင်ရေးများတွင် အမေရိကန်နှင့်အစ္စရေးတို့နှင့်အတူ ပူးပေါင်း ဆောင်ရွက်နေသည့် နိုင်ငံများကိုဟန့်တားရန် ရည်ရွယ်ပုံရကြောင်း နိုင်ငံရေးသုံးသပ်လေ့လာသူများက ပြောကြား သည်။

26 Mar

ADVERTISE HERE .