“စံချိန်မမီ Clone မိုဘိုင်းဖုန်းများကို ၂၀၂၆ ဧပြီလမှ စတင်ပိတ်ပင်မည်”

26 Mar

စံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိသော မိုဘိုင်းလက်ကိုင်ဖုန်းများ (Fake/Clone Handset) နှင့်ပတ်သက်၍ ပြည်သူများကို ထပ်မံအသိပေးကြေညာချက်တစ်ရပ် CEIR နှင့် EIR စနစ် စီမံကိန်းဦးစီးကော်မတီမှ ထုတ်ပြန်ခဲ့ပါတယ်။ ကြေညာချက်အရ ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်အထိ ကာလအတွင်း CEIR စနစ်ရှိ ခွင့်ပြုစာရင်း (Whitelist) ထဲသို့ အလိုအလျောက်ထည့်သွင်းနေစဉ်စံသတ်မှတ်ချက်များနှင့် မကိုက်ညီသော Clone မိုဘိုင်းဖုန်းများကို စိစစ်သွားမည် ဖြစ်ကြောင်း သိရပါတယ်။ အခုလိုစိစစ်ရာတွင် စံချိန်မမီသော ဖုန်းများကို အသုံးပြုနေသည့် ပြည်သူများ နစ်နာမှုမရှိစေရန်အတွက် ခြွင်းချက်အနေဖြင့် SIM Card Code No. (IMSI) ကို CEIR စနစ်တွင် မှတ်တမ်းတင်ထားပြီး ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ ၃ နှစ်အထိ ဆက်လက်အသုံးပြုခွင့် ပေးသွားမည်ဖြစ်ကြောင်း ကြေညာထားပါတယ်။ ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နမှစတင်၍ အသစ်တွေ့ရှိလာသော Clone မိုဘိုင်းဖုန်းများကို CEIR စနစ်တွင် အမည်မည်းစာရင်း (Blacklist) ထည့်သွင်းကာ မိုဘိုင်းဆက်သွယ်ရေးကွန်ရက်များတွင် အသုံးပြုခွင့် တားဆီးပိတ်ပင်သွားမည်ဖြစ်ကြောင်း ထပ်မံအသိပေးထားပါတယ်။ (NVS 004)

26 Mar

ADVERTISE HERE .