“အစိုးရသစ်ရဲ့ ပထမဦးဆုံးနိုင်ငံတော်အခမ်းအနားအဖြစ် နေပြည်တော်လမ်းလျှောက်သင်္ကြန်ကျင်းပမည်”

26 Mar

အစိုးရသစ်၏ ပထမဦးဆုံးနိုင်ငံတော်အဆင့်အခမ်းအနားအဖြစ် ၂ဝ၂၆ ခုနှစ် နေပြည်တော်လမ်းလျှောက် သင်္ကြန်ကို နေပြည်တော်ရင်ပြင်၌စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ယခုနှစ် ကျင်းပ မယ့် လမ်းလျှောက်သင်္ကြန်ပွဲတော်က သာမန်ပျော်ပွဲရွှင်ပွဲတစ်ခုထက်ပို၍ နိုင်ငံတော်အစိုးရ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ဝန်ထမ်းများနှင့်ပြည်သူများအတူပူးပေါင်းပြီး စိတ်သစ်၊ လူသစ်၊ နိုင်ငံရေးအခင်းအကျင်းသစ်များနဲ့ ဆင်နွှဲမည့် အနှစ်သာရရှိတဲ့ ပွဲတော်ကြီးတစ်ခုဖြစ်ကြောင်း သိရပါတယ်။ လမ်းလျှောက်သင်္ကြန်ပွဲတော်မှာ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကိုသိရှိနိုင်စေရန် သင်္ကြန်မဏ္ဍပ် ဇုန်များ၊ ဖျော်ဖြေရေးဇုန်များ၊ သနပ်ခါးသင်္ကြန်ဇုန်များအပြင် လက်ဖက်နှင့် ရိုးရာထမနဲတို့ဖြင့် တည်ခင်းဧည့်ခံတဲ့ ပြကွက်များကို ဇုန်များအလိုက်ထည့်သွင်း၍ ခမ်းနားစွာပြသသွားမည်ဖြစ်ပြီး နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေရေးအစီအစဉ်များ၊ ရိုးရာအတာသင်္ကြန်ပွဲတော် ပေါ်လွင်စေမည့် အစီအစဉ်ကောင်းများကို ထည့်သွင်း တင်ဆက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် နိုင်ငံတစ်ဝန်းတွင်လည်း လမ်းလျှောက်သင်္ကြန် ပွဲတော်များ ကျင်းပသွားမည်ဖြစ်၍ နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေရေးအစီအစဉ်များကို နေပြည်တော်အပါအဝင် နိုင်ငံ တစ်ဝန်းမှာ ထည့်သွင်းကျင်းပရာမှာ အနုပညာရှင်များသွားလာရေးအတွက် သီးခြားရထားလက်မှတ်များ စီစဉ် ပေးသွားမယ်လို့ သိရပါတယ်။ (NVS 004)

26 Mar

ADVERTISE HERE .