“ရန်ကုန်-နေပြည်တော်ရထားလမ်းပိုင်းမှာ DEMU ရထား ထပ်တိုး ၃ စင်းဖြင့် တိုးချဲ့ပြေးဆွဲမည်”
26 Mar
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီး ရထားမှ ခရီးသွားများ ပိုမိုအဆင်ပြေစွာသွားလာနိုင်ရန် ရန်ကုန်-နေပြည်တော် အသွားအပြန်ခရီးစဉ်များအား အမှတ်(၃၃)အဆန်၊ အမှတ်(၃၄)အစုန်ရထားများအဖြစ် မတ်လ ၂၆ ရက်မှစတင်၍ တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အမှတ်(၃၁)အဆန်သည် ရန်ကုန်ဘူတာကြီးမှ နံနက် ၆ နာရီတွင်ထွက်ခွာပြီး နေပြည်တော်ဘူတာသို့ နံနက် ၁၁ နာရီခွဲ၊ အမှတ်(၃၃)အဆန်က ရန်ကုန်ဘူတာကြီးမှ နံနက် ၁၀ နာရီတွင်ထွက်ခွာပြီး နေပြည်တော်ဘူတာသို့ ညနေ ၃ နာရီခွဲ၊ အမှတ်(၇)အဆန်က ရန်ကုန်ဘူတာကြီးမှ မွန်းတည့် ၁၂ နာရီတွင်ထွက်ခွာပြီး နေပြည်တော်ဘူတာသို့ ညနေ ၅ နာရီခွဲတို့တွင်ရောက်ရှိမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် အမှတ်(၃၂)အစုန်သည် နေပြည်တော်ဘူတာမှ နံနက် ၆ နာရီမှာထွက်ခွာပြီး ရန်ကုန်ဘူတာကြီးသို့ နံနက် ၁၁ နာရီခွဲ၊ အမှတ်(၃၄)အစုန်သည် နေပြည်တော်ဘူတာမှ နံနက် ၁၀ နာရီတွင်ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးသို့ ညနေ ၃ နာရီခွဲ၊ အမှတ်(၈)အစုန်သည် နေပြည်တော်ဘူတာမှ မွန်းတည့် ၁၂ နာရီတွင် ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးသို့ ညနေ ၅ နာရီခွဲတို့၌ရောက်ရှိမည်ဖြစ်ကြောင်း သိရပါတယ်။ ထပ်မံတိုးချဲ့ပြေးဆွဲမည့် ရထားများအတွက် ရထားလက်မှတ်များအား သက်ဆိုင်ရာဘူတာများတွင် ဝယ်ယူ ရရှိနိုင်ကာ Online Railways Ticketing and Payment (ORTP)စနစ်ဖြင့်ဝယ်ယူနိုင်ရေးကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ မတ်လ ၂၇ ရက်မှစတင်၍ ရထားအားလုံးကို ဖော်ပြထားတဲ့ ရထားအချိန်ဇယားအတိုင်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)