“MAI မှနိုင်ငံတကာခရီးစဉ်များအတွက် ခရီးဆောင်အိတ်သယ်ယူခွင့်များကို ယခင်အတိုင်းခွင့်ပြုပေး”

26 Mar

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)မှ နိုင်ငံတကာခရီးစဉ်များအတွက် ခရီးဆောင်အိတ်သယ်ယူခွင့် များကို မတ်လ ၂၆ ရက်မှစတင်၍ ယခင်အတိုင်းပြန်လည်သယ်ဆောင်ခွင့်ပေးမည်ဖြစ်ကာ ပြည်တွင်းခရီးစဉ်များ ကိုလည်း မူလအတိုင်းပုံမှန်ပြန်လည်ပျံသန်းပေးသွားမယ်လို့ အသိပေးခဲ့ပါတယ်။ နိုင်ငံတကာခရီးစဉ်များအတွက် ခရီးဆောင်အိတ်သယ်ဆောင်ခွင့်အနေနဲ့ Economy Class အတွက် 30 KG အထိ၊ Business Class အတွက် 40 KG အထိပြန် လည်သယ်ဆောင်နိုင်ပြီဖြစ်ကာ 𝐒𝐤𝐲 𝐒𝐦𝐢𝐥𝐞 (𝐑𝐮𝐛𝐲 & 𝐃𝐢𝐚𝐦𝐨𝐧𝐝)အဖွဲ့ဝင်များအနေဖြင့် အပိုခရီးဆောင်အိတ်သယ်ယူခွင့်များကို မူလအကျိုးခံစားခွင့်များအတိုင်း ပြန်လည် ပေးအပ်သွားမယ်လို့ အသိပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်မှ မတ်လ ၂၅ ရက်အတွင်း အသစ်ပြောင်းလဲသတ်မှတ်ခဲ့တဲ့ ခရီးဆောင်အိတ်သယ် ယူခွင့်ယာယီကန့်သတ်ချက်များကြောင့် KG ဆုံးရှုံးနစ်နာခဲ့ရသော ခရီးသည်များကို MAI မှ ခရီးဆောင်အိတ်သယ် ဆောင်ခွင့်အလေးချိန် 10 KG နှင့်တန်ဖိုးညီမျှတဲ့ Travel Voucher တစ်စောင်ကိုလည်း ပြန်လည်ပေးအပ်သွားမယ်လို့ အသိပေးခဲ့ပါတယ်။ Travel Voucher ကို ဇွန်လ ၃၀ ရက်အထိအသုံးပြုနိုင်မည်ဖြစ်ကာ အခြားသူထံ လွှဲပြောင်းခြင်း (သို့) refund ပြန်လည်ထုတ်ယူခြင်းများပြုလုပ်၍မရနိုင်ဘဲ Travel Voucher ကို Online ကနေ ဖြည့်သွင်းရယူ နိုင်တယ်လို့ အသိပေးထားပါတယ်။ (NVS 004)

26 Mar

ADVERTISE HERE .