“ရန်ကုန်–ဒလ YBS ယာဉ်လိုင်းများ လမ်းကြောင်းတိုးချဲ့ ပြေးဆွဲ”

26 Mar

ရန်ကုန်–ဒလ ခရီးစဉ်အတွက် ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများကို ခရီးသွားပြည်သူများ သွားလာရေး ပိုမိုအဆင်ပြေစေရန် ရည်ရွယ်၍ လမ်းကြောင်းတိုးချဲ့ပြေးဆွဲလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) မှ သိရပါတယ်။ အဆိုပါလမ်းကြောင်းတိုးချဲ့ပြေးဆွဲမှုကို မတ်လ ၂၂ ရက်မှစတင်ခဲ့ပြီး ယခင်က စမ်းသပ်ပြေးဆွဲခဲ့သော YBS ၅၈ နှင့် YBS ၇၂ ယာဉ်လိုင်းများအပေါ် အခြေခံ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ စမ်းသပ်ကာလအတွင်း ဒလမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းရှေ့မှာ ယာယီဂိတ်ထိုး၍ ဒလ–ဆူးလေနှင့် ဒလ–ဗိုလ်တထောင် ခရီးစဉ်များ ပြေးဆွဲပေးခဲ့ရာ ဒေသခံပြည်သူများအတွက်သွားလာရေး အဆင်ပြေခဲ့ကြောင်း သိရပါတယ်။ လက်ရှိမှာ တိုးချဲ့လမ်းကြောင်းများအဖြစ် ဒလ–တွံတေး ကားလမ်းမဘေးရှိ ကျန်စစ်သားရပ်ကွက် နောက်ဆုံး စွန့်ပစ်အမှိုက်ပုံအနီး ရတနာစက်သုံးဆီအရောင်းဆိုင်မျက်နှာချင်းဆိုင်တွင် ဒလ–ဆူးလေခရီးစဉ်၊ ဒလ–ဓနုတ် ကားလမ်းရှိ “ကြိုဆိုပါ၏” ဆိုင်းဘုတ်အနီးတွင် ဒလ–ဆူးလေ ခရီးစဉ်နှင့် ရဲချောင်းဝကျေးရွာမှာ ဒလ–ဗိုလ်တထောင် ခရီးစဉ်များအဖြစ် ဂိတ်များတိုးချဲ့၍ ပြေးဆွဲပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS 004)

26 Mar

ADVERTISE HERE .