“2026 Miami Open တင်းနစ်ပြိုင်ပွဲ စတုတ္ထအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ကိုကိုဂတ်ဖ်”
24 Mar
အမေရိကန်နိုင်ငံမှာ ကျင်းပပြုလုပ်လျက်ရှိတဲ့ အမျိုးသမီးတင်းနစ်ပြိုင်ပွဲဖြစ်တဲ့ 2026 Miami Open တင်းနစ်ပြိုင်ပွဲစတုတ္ထအဆင့်သို့ အိမ်ရှင်အမေရိကန်တင်းနစ်မယ် ကိုကိုဂတ်ဖ် တက်ရောက်ခဲ့ပါတယ်။ 2026 Miami Open တင်းနစ်ပြိုင်ပွဲ တတိယအဆင့်မှာ ကိုကိုဂတ်ဖ် က တစ်နိုင်ငံသားချင်းဖြစ်တဲ့ အမေရိကန်တင်းနစ်မယ် အယ်စီရာပတ်စ် ကို ၃-၆၊ ၆-၀၊ ၆-၁ နဲ့ အနိုင်ရရှိကာ စတုတ္ထအဆင့်ကို တက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ 2026 Miami Open တင်းနစ်ပြိုင်ပွဲ စတုတ္ထအဆင့်တွင် အမေရိကန်တင်းနစ်မယ် ကိုကိုဂတ်ဖ် နှင့် ရိုမေနီးယားတင်းနစ်မယ် ဆိုရာနာ ခရစ္စတာ တို့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။ (NVS 008)
24 Mar