“၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ပြင်သစ်လက်ရွေးစင်အသင်းကို ကိုင်တွယ်မယ့် ဇီဒန်း”
24 Mar
ရီးရဲလ်အသင်းရဲ့ နည်းပြဟောင်း ဇီဒန်း ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ပြင်သစ်လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ နှုတ်အားဖြင့် သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း ဥရောပမီဒီယာတွေက ဖော်ပြနေကြပါတယ်။ ကစားသမားဘဝတုန်းက ပြင်သစ်အသင်းရဲ့ ဂန္ထဝင်တစ်ဦးဖြစ်ခဲ့တဲ့ ဇီဒန်း ဟာ နည်းပြဘဝမှာလည်း ရီးရဲလ် အသင်းကို ချန်ပီယံလိဂ်ဖလား ၃ ရာသီဆက်ရယူခြင်းအပါအဝင် ဆုဖလားအောင်ပွဲများစွာ ရယူပေးနိုင်ခဲ့ပါတယ်။ အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ ဇီဒန်း ဟာ ၂၀၂၁ ခုနှစ်မှာ ရီးရဲလ်အသင်းနဲ့ လမ်းခွဲပြီးတဲ့နောက် နည်းပြအဖြစ် ခန့်အပ်ဖို့ ချဥ်းကပ်တဲ့အသင်းများစွာရှိခဲ့ပေမယ့် လက်မခံဘဲ ပြင်သစ်လက်ရွေးစင်အသင်းကို ကိုင်တွယ်ရမယ့် အခွင့်အရေးကို စောင့်နေခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ပြင်သစ်အသင်းကို ကာလရှည်ကိုင်တွယ်ခဲ့တဲ့ လက်ရှိနည်းပြ ဒေးချိမ့် က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ လမ်းခွဲတော့မှာဖြစ်တာကြောင့် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ဇီဒန်း ကို အစားထိုးခန့်အပ်ဖို့ ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)