“နိုင်ငံအသင်းတွေကနေ နုတ်ထွက်ခဲ့တဲ့ အာဆင်နယ်အသင်းကစားသမား ခြောက်ဦးအထိ ရှိလာ”

24 Mar

နိုင်ငံတကာရက်သတ္တပတ် နိုင်ငံလက်ရွေးစင်အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့တဲ့ အာဆင်နယ်ကစားသမား အရေအတွက်ဟာ ခြောက်ဦးအထိ ရှိလာခဲ့ပြီလို့ သိရပါတယ်။ အော်ဒီဂွါ က နော်ဝေ၊ ထရိုဆတ်ဒ် က ဘယ်လ်ဂျီယံ၊ ဆာလီဘာ က ပြင်သစ်၊ တင်ဘာက နယ်သာလန်၊ အက်ဇီ က အင်္ဂလန်၊ ဂါဘရီယဲလ် က ဘရာဇီးလ်အသင်းလူစာရင်းတွေကနေ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံး နုတ်ထွက်ခဲ့တာက ဘရာဇီးလ်နောက်ခံလူ ဂါဘရီယဲလ် ဖြစ်ပြီး ညာဘက်ဒူးနာကျင်မှု ခံစားနေရတာ ဖြစ်ပါတယ်။ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)ကလည်း စမ်းသပ်စစ်ဆေးကာ ဂါဘရီယဲလ် ဒဏ်ရာရရှိမှုကို အတည်ပြု ခဲ့ပါတယ်။ အာဆင်နယ်အသင်းနည်းပြ အာတေတာ က အီဇီ ရဲ့ဒဏ်ရာအခြေအနေအတွက် ထပ်မံစစ်ဆေးမှု ပြုလုပ်ရ မယ်လို့ ပြောထားပါတယ်။ ကစားသမားခြောက်ဦးအထိ နိုင်ငံအသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ပေမယ့် နောက်ခံလူ ဘင်ဝှိုက် ကတော့ အင်္ဂလန်အသင်းအတွက်အစားထိုး ခေါ်ယူခံခဲ့ရပါတယ်။ (NVS 008)

24 Mar

ADVERTISE HERE .