“ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး၌ ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းကော်မတီဖွဲ့စည်း”

24 Mar

‎တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့မှာ ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ကော်မတီတို့ကို စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ပါတယ်။ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို မတ်လ ၂၃ ရက်မှာ ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ ဥပဒေကြမ်းကော်မတီမှာ ဥက္ကဋ္ဌအဖြစ် ဒဂုံမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ နန္ဒကျော်စွာ၊ အတွင်းရေးမှူးအဖြစ် အမရပူရမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး အပါအဝင် အဖွဲ့ဝင် ၁၅ ယောက်နဲ့ ဖွဲ့စည်းလိုက်ခြင်း ဖြစ်ပါတယ်။ ပြည်သူ့ငွေစာရင်းကော်မတီမှာ အောင်မြေသာစံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတေဇကျော်၊ အတွင်းရေးမှူးအဖြစ် အောင်လံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ချစ် အပါအဝင်အဖွဲ့ဝင် ၁၅ ယောက်နဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီနောက်ဖွဲ့စည်းလိုက်တဲ့ ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းကော်မတီများ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်းအဝေးများနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းက ရှင်းလင်းပြောကြားခဲ့ပါတယ်။ (NVS 004)

24 Mar

ADVERTISE HERE .