“ခရိုင်မြို့အင်္ဂါရပ်နှင့်အညီ ကျုံပျော်မြို့အဝင်၌ Landscape တည်ဆောက်နေ”
24 Mar
ကျုံပျော်မြို့ခံ ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုနှင့် ဌာနဆိုင်ရာများ၏ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကျုံပျော်မြို့ အဝင် မြေယာရှုခင်းအလှ (Landscape) တည်ဆောက်ခြင်းကို စတင်အကောင်အထည်ဖော်နေကြောင်း သိရပါတယ်။ အခုလက်ရှိ ပုံဖော်လုပ်ဆောင်မှုမှာ အစိုးရဘက်ဂျက်လုံးဝမပါဝင်ဘဲ မြို့ခံအလှူရှင်များ စုပေါင်းလှူဒါန်း လုပ်ဆောင်ကြခြင်းပြီး ဌာနအနေနဲ့ ပါဝင်ပံ့ပိုးပေးနိုင်မည့် မြက်ခင်းအလှစိုက်ပျိုးခြင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၏ သီးခြားလှူဒါန်းမှုများလည်းရှိကြောင်း ကျုံပျော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အင်ဂျင်နီယာမှူး ဦးအောင်သန်းဝင်း က ပြောကြားခဲ့ပါတယ်။ ကျုံပျော်မြို့နယ်ကို ခရိုင်မြို့နယ်အဖြစ် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှ စတင်သတ်မှတ်ပေးခဲ့ပြီး ကျုံပျော်ခရိုင်အတွင်း ရေကြည်မြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်တို့ကို ထည့်သွင်းသတ်မှတ်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)
24 Mar