“အောက်စ်ဖို့ဒ်ဆရာတော်မှ လူငယ်များအတွက် တိုးတက်စိတ်ထားနှင့် မုဒိတာပွားခြင်းဆိုင်ရာများဟောကြား”

24 Mar

ရှမ်းပြည်နယ်၊ ဗုဒ္ဓတက္ကသိုလ်ဦးစီးတည်ထောင်သူ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စ်ဖို့ဒ်ဆရာတော်နှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ယက်တို့ကြီးမှူး၍ "တိုးတက်စိတ်ထား၊ မုဒိတာနှင့် ကြံ့ခိုင်စိတ်ထား" ခေါင်းစဥ်နဲ့ တစ်ရက်တာအလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၂၂ ရက်က တောင်ကြီးမြို့ရှိ ကမ္ဗောဇသာသနာရင်္ကာရ ဓမ္မာရုံမှာ ကျင်းပခဲ့ပါတယ်။ အဆိုပါတစ်ရက်တာအလုပ်ရုံဆွေးနွေးပွဲအား အသက် ၁၆ နှစ်မှအသက် ၂၅ နှစ်အတွင်းရှိ လူငယ်များ၏ အတွေးအခေါ်မြှင့်တင်ရေးနှင့် အပြုသဘောဆောင်သောစိတ်ဓာတ်များ ထွန်းကား၊ ကြံ့ခိုင်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကာ အောက်စ်ဖို့ဒ်ဆရာတော်မှ ဟောပြောတော်မူခဲ့ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲသို့ တက္ကသိုလ် ကျောင်းသား/ကျောင်းသူများ၊ ပုဂ္ဂလိကကျောင်းများမှ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသား ၂၉၅ ဦး တက်ရောက်ခဲ့ကြပါတယ်။ (NVS 004)

24 Mar

ADVERTISE HERE .