“မလေးရှားနိုင်ငံသွားရောက်မည့်သူများ ကျန်းမာရေးအသိပေးချက်များကို လိုက်နာရန်သတိပေး”

24 Mar

မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသွားရောက်မည့် အလုပ်သမားများအားလုံး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးအသိပေးချက်များကို ဂရုပြုလိုက်နာရန် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက သတိပေးခဲ့ပါတယ်။ မလေးရှားနိုင်ငံအတွင်း ကျန်းမာရေးနှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးစည်းကမ်းချက်များကို လိုက်နာရန်၊ လတ်တလောမှာ တီဘီရောဂါဖြစ်ပွားသူပိုမိုများပြားနေ၍ ထိရောက်သောကုသမှုနှင့် ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ရန် သတိပေးခဲ့ပါတယ်။ မလေးရှားနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန၏ လူမှုကွန်ယက်စာမျက်နှာမှာ သတင်းထုတ်ပြန်ထားမှုအရ မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသွားရောက်မည့် အလုပ်သမားများအားလုံး တီဘီရောဂါကဲ့သို့ အသက်ရှူလမ်းကြောင်း ဆိုင်ရာကျန်းမာရေးအသိပေးချက်များကို ဂရုပြုလိုက်နာရန် သတိပေးခဲ့ပါတယ်။ (NVS 004)

24 Mar

ADVERTISE HERE .