“နိုင်ငံတော်ယာယီသမ္မတ၏ ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်ခြင်းကို အောင်မြင်စွာခွဲစိတ်ကုသခဲ့”
24 Marနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်ခြင်း(Lumbar spondylosis with Spinal Stenosis) ဝေဒနာခံစားခဲ့ရပါတယ်။ ဒါကြောင့် မတ်လ ၂၀ ရက်မှာ အိန္ဒိယနိုင်ငံမှပါရဂူများနှင့် မြန်မာ့တပ်မတော်ဆေးတပ်ဖွဲ့တို့ပူးပေါင်း၍ အရေးပေါ်ခွဲစိတ်ကုသမှုအား အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)နေပြည်တော်မှာ အချိန် ၂ နာရီကြာ ပြုလုပ်ပြီးနောက် အောင်မြင်စွာကုသနိုင်ခဲ့ပါတယ်။ အောင်မြင်စွာခွဲစိတ်ကုသပြီးဖြစ်၍ နိုင်ငံတော်ယာယီသမ္မတက နိုင်ငံ့တာဝန်နှင့် တပ်မတော်တာဝန်များကို ကျန်းမာစွာထမ်းဆောင်လျက်ရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ မတ်လ ၂၃ ရက်ကနေ ထုတ်ပြန်ခဲ့ပါတယ်။ (NVS 004)
24 Mar