“ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်)တွင် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပမည်”

23 Mar

အရေးပေါ်သွေးလိုအပ်နေသည့် လူနာများအတွက် ဇီဝိတဒါနအလှူအဖြစ် သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များက စုပေါင်းသွေးလှူဒါန်းကြမည့် (၂၄) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ဧပြီလ ၁၁ ရက်၊ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်)ရှိအလှူတော်မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။ လှူဒါန်းရရှိသည့် သွေးများကို ရန်ကုန်ဆေးရုံကြီးအမျိုးသားသွေးဌာနမှ တာဝန်ခံဆရာဝန်ကြီးနှင့်အဖွဲ့က လက်ခံယူရယူသွားမှာဖြစ်ပါတယ်။ စုပေါင်းသွေးလှူဒါန်းပွဲ၌ ပါဝင်လှူဒါန်းလိုသူများအနေနဲ့ လူမှုဆက်ဆံရေးဌာန ဖုန်း ၀၁-၅၄၁၇၉၅၊ ဝ၉-၆၈၃၈၁၇၉၇ဝ ဆက်သွယ်နိုင်ပြီး လူကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ဧပြီလ ၁၀ ရက်အတွင်း စာရင်းပေးသွင်းလှူဒါန်းနိုင်ပါတယ်။ (NVS-004)

23 Mar

ADVERTISE HERE .