“နှစ်လတာကာလအတွင်း ပြည်ပသို့ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၇၉ သန်းရရှိထား”
23 Mar
ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလကုန်အထိ နှစ်လတာကာလအတွင်း ပုဂ္ဂလိကကဏ္ဍမှ ပြည်ပသို့ ပျားရည် တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၇၉ သန်း ရရှိထားကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနပျားလုပ်ငန်းဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရပါတယ်။ ပြင်ပသို့တင်ပို့ရာတွင် ပုံမှန်ကုန်သွယ်ရေးမှ ပျားရည်၉၈၁ ဒသမ ဝ၅ တန်နှင့် နယ်စပ်ကုန်သွယ်ရေးမှ ပျားရည် ၅ ဒသမ ၁၈ တန် စုစုပေါင်း ၉၈၆ ဒသမ ၂၃ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၇၉ သန်းရရှိခဲ့ပါတယ်။ လက်ရှိမှာ ပြည်ပနိုင်ငံများသို့ ပျားရည်တင်ပို့ရာတွင် ဂျပန်၊ တရုတ်(တိုင်ပေ)နှင့် ထိုင်းနိုင်ငံတို့သို့ တင်ပို့ပြီး ဂျပန်နိုင်ငံသို့ အများဆုံး တင်ပို့ထားပါတယ်။ ပျားရည်ထုတ်လုပ်မှုအနေနဲ့ နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ ရော်ဘာပျားရည်၊ လိုက်ချီးပျားရည်ဟူ၍ ထုတ်လုပ်လျက်ရှိပြီး ပျားရည်ကို ပြည်တွင်း၌ ဆေးဝါးအဖြစ် အသုံးပြုမှုများပြီး ပြည်ပသို့ တင်ပို့ရာတွင် အများအားဖြင့် ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်းနှင့် တရုတ် နိုင်ငံတို့သို့တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ (NVS-004)