“ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သိန်းခွဲကျော်တင်ပို့ထား”
23 Mar
ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သိန်းခွဲကျော် တင်ပို့ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရပါတယ်။ ထိုကဲ့သို့တင်ပို့ရာတွင် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၁ဝ ရက်အထိ ဆန်နှင့်ဆန်ကွဲ တန်ချိန် နှစ်သိန်းခွဲကျော်တင်ပို့ခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ လက်ရှိမှာ ယခုဘဏ္ဍာနှစ်ကုန်(မတ်လကုန်)မတိုင်မီ ပို့ကုန်မြှင့်တင်နိုင်ဖို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အထူးဦးစားပေးဆောင်ရွက်လျက်ရှိနေပါတယ်။ ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှပါ တင်ပို့ခဲ့ခြင်းဖြစ်ပြီး တင်ပို့ရာမှာလည်း ပုဂ္ဂလိကကုမ္ပဏီပေါင်း ၄၀ ကျော်မှ တင်ပို့နေခြင်းဖြစ်ကာ ဆန်ကို တရုတ်၊ ဖိလစ်ပိုင်၊ စပိန်၊ ပိုလန် အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်သို့ တင်ပို့နေတယ်လို့ သိရပါတယ်။ (NVS-004)