“ဗီယက်နမ်နိုင်ငံနှင့်ရုရှားနိုင်ငံတို့ စွမ်းအင်ဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးမည်”
23 Mar
ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်ချင်းသည် ရုရှားနိုင်ငံသို့ခရီးစဉ်အဖြစ် မတ်လ ၂၂ ရက်တွင် ထွက်ခွာသွားပြီး ယင်းခရီးစဉ်အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအပါအဝင် သဘောတူညီချက်များကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ဗီယက်နမ်အစိုးရက ထုတ်ပြန်သည်။ မတ်လ ၂၂ ရက်မှ ၂၅ ရက်အထိ ကြာမြင့် မည့် ဝန်ကြီးချုပ်၏ခရီးစဉ်သည် အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ကမ္ဘာ့လောင်စာဆီထောက်ပံ့မှု ပြတ်တောက်နေချိန်တွင် ဗီယက်နမ်၏အရန်လောင်စာဆီပမာဏကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် စတင်သော အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြားစစ်ပွဲကြောင့် ဗီယက်နမ် တွင် Octane 95 နှင့် ဒီဇယ်ဈေးနှုန်းများသည် ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်လာသောကြောင့် အစိုးရက လောင်စာဆီရရှိရန် ကြိုးပမ်းလာခြင်းဖြစ်ကြောင်း ST သတင်းဌာနဖော်ပြချက်အရ သိရသည်။
23 Mar