“လောင်စာဆီပေါ် မူတည်၍ ခရီးစဉ်များဖျက်သိမ်းပါက ငွေပြန်အမ်းပေးမယ်လို့ ခရီးသွားလုပ်ငန်းအချို့ကြေညာ”
23 Mar
ရုံးပိတ်ရက်ရှည်နှင့် မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော်ကာလအတွင်း လည်ပတ်ရမည့် ပြည်တွင်းခရီးစဉ်များ အတွက် ခရီးစဉ်များဖျက်သိမ်းပါက ငွေပြန်အမ်းပေးမည်ဟု ခရီးသွားလုပ်ငန်းအချို့မှ သိရှိရပါတယ်။ လောင်စာဆီအခက်အခဲပြဿနာကြောင့် အဝေးပြေးယာဉ်လိုင်းများ၏ ကားလက်မှတ်ခ မြင့်တက်လာနေ ပါတယ်။ လက်ရှိမှာ ရန်ကုန်မြို့၊ မန္တလေးမြို့အပါအဝင် မြို့ကြီးအများစုမှာ စက်သုံးဆီဝယ်ယူနိုင်ရန် မော်တော်ယာဉ် များ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရပါတယ်။ မတ်လ ၂၀ ရက်က စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏စျေးနှုန်းအရ ၉၂ ဓာတ်ဆီတစ်လီတာ ကျပ် ၃,၆၁၀၊ ၉၅ ဓာတ်ဆီတစ်လီတာ ကျပ် ၃,၈၅၀၊ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၄,၃၉၀၊ ပရီမီယံ ဒီဇယ် တစ်လီတာကျပ် ၄,၈၂၀ ဖြစ်ပါတယ်။ (NVS 004)
23 Mar