“လေယာဉ်ဆီခက်ခဲမှုကြောင့် ခရီးဆောင်အလေးချိန်ကန့်သတ်ချက်များကိုမဖြစ်မနေလျှော့ချသတ်မှတ်ရခြင်းဖြစ်”

23 Mar

နိုင်ငံတကာလေကြောင်းခရီးစဉ်များ၏ ခရီးဆောင်အလေးချိန်ကန့်သတ်ချက်များ လျှော့ချသတ်မှတ်လိုက် သဖြင့် သတင်းအမီမရရှိခဲ့သောသူများ မတ်လ ၂၂ ရက် စင်ကာပူနိုင်ငံ၊ ချန်ဂီလေဆိပ်မှာ အခက်ခဲများဖြစ်ပေါ် ခဲ့ကြပါတယ်။ ရန်ကုန်ပြန်မည့် MAI ကောင်တာ ၂ ခုတန်းစီနေကြသူများမှာ ပစ္စည်းအလေးချိန်ပြောင်းလဲခြင်းကြောင့် checkin ကြာမြင့်နေကြရာ လူတန်းရှည်ကြီးဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာလေကြောင်းခရီးစဉ်များကို အခက်အခဲမရှိ ဆက်လက်ပြေးဆွဲနိုင်ရန်အတွက် ခရီးဆောင်အလေးချိန်ကန့်သတ်ချက်များကို မဖြစ်မနေလျှော့ချသတ်မှတ်ရခြင်း ဖြစ်ကာ Economy Class: 20KG (တစ်အိတ်)၊ Business Class: 30KG (တစ်အိတ်)၊ Hand-carry: 7KG (အများဆုံး ၂ အိတ်)၊ Excess Baggage: (အများဆုံး ၅ ကီလိုဂရမ်)စီလျှော့ချသတ်မှတ်ခဲ့ပါတယ်။ ဒါ့ပြင် MAI ကပျံသန်းမှုလိုအပ်ချက်များအရ ခရီးဆောင်အိတ်များကို လေဆိပ်မှာပယ်ချခြင်း(သို့) မတင်ဆောင် နိုင်ခြင်းဖြစ်ပေါ်နိုင်၍ မတင်ဆောင်နိုင်ခဲ့သော ခရီးဆောင်အိတ်များကို ၇၂ နာရီအတွင်း ပိုင်ရှင်များထံပြန်လည် ပို့ဆောင်ပေးသွားမည်ဟု အသိပေးခဲ့ပါတယ်။ ကြိုတင်ဝယ်ယူထားသော Prepaid excess baggage များကို ယာယီ မတင်ဆောင်နိုင်တာကြောင့် ခရီးသည်များကို refund ပြန်လည်ပေးအပ်သွားမည်ဖြစ်ကာ ပြည်တွင်းလေကြောင်း စျေးကွက်မှာဖြစ်ပေါ်ခဲ့တဲ့ ခရီးစဉ်ဖျက်သိမ်းခြင်းများ ထပ်မံမဖြစ်ပေါ်စေရန်အတွက် ရည်ရွယ်ခြင်းဖြစ်တယ်လို့ အသိပေးခဲ့ပါတယ်။ (NVS 004)

23 Mar

ADVERTISE HERE .