“ဇဗ္ဗူသီရိမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာများ၏ ရုံးပိတ်ရက်များမှာ ဝန်အားလျော့ချမည်မဟုတ်”

23 Mar

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာများ၏ လူပျိုဆောင်/အပျိုဆောင်များကို ရုံးပိတ်ရက်များမှာ ဝန်အားလျှော့ချမည်မဟုတ်ကြောင်း ဇဗ္ဗူသီရိမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးက အသိပေးခဲ့ပါတယ်။ လူပျိုဆောင်/အပျိုဆောင်များ ဝန်အားလျှော့ချခြင်းကို ရုံးဖွင့်ရက်များမှာ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိသာ ဆောင်ရွက်သွားမည်ဟုလည်း အသိပေးခဲ့ပါတယ်။ မတ်လ ၂၂ ရက်မှာလည်း ဇဗ္ဗူသီရိမြို့နယ်ရှိ ဓာတ်အားခွဲရုံအမှတ် (၁) မှ ဓာတ်အားဖြန့်ဖြူးပေးထားသော သပြေကုန်းဖီဒါလိုင်းက နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ၊ သာယာကုန်းဖီဒါလိုင်းကို နံနက် ၆ နာရီမှ နံနက် ၁၀ နာရီ/မွန်းလွဲ ၂ နာရီမှ ည ၆ နာရီအထိ၊ ရွှေကြာပင် ကွက်သစ်ဖီဒါလိုင်းက နံနက် ၁၀ နာရီမှ နေ့လည် ၃ နာရီအထိ လျှပ်စစ်ဓာတ်အားပြတ်တောက်မယ်လို့ အသိပေး ထားခဲ့ပါတယ်။ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုက ဓာတ်အားရရှိမှုအပေါ်မူတည်၍ အချိန်အပြောင်းအလဲရှိနိုင်ကာ လျှပ်စစ်ဓါတ်အား(MW)ကို မျှတစွာသုံစွဲနိုင်ရေးအတွက် ကြိုးစားစီမံဆောင်ရွက်လျက်ရှိသဖြင့် နားလည်ပေးပါရန် ဇဗ္ဗူသီရိမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးက အသိပေးခဲ့ပါတယ်။ (NVS 004)

23 Mar

ADVERTISE HERE .