“KIP ဆိပ်ကမ်းသို့ဆိုက်ကပ်လာတဲ့ MT TIRTASARI ဆီတင်သင်္ဘောပေါ်မှ စားသုံးဆီနှင့်စက်မှုကုန်ကြမ်းများ ချနေ”
23 Mar
ရန်ကုန်မြို့ရှိ K.I.P Port သို့ဆိုက်ကပ်လာခဲ့သော MT TIRTASARI ဆီတင်သင်္ဘောကြီးပေါ်မှ တင်ဆောင် လာသော စားသုံးဆီနှင့်စက်မှုကုန်ကြမ်းများကို မတ်လ ၂၁ ရက်ည ၁၁ နာရီခန့်မှစတင်ကာ ကုန်ချမှုလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ မတ်လ ၂၂ ရက်ည ၁၁ နာရီခန့်မှာ ပြီးစီးခဲ့ကြောင်း သိရပါတယ်။ အဆိုပါသင်္ဘောပေါ်မှာပါရှိတဲ့ စားသုံးဆီများ၏ အရည်အသွေးနှင့်အလေးချိန်တိကျမှန်ကန်မှုရှိစေရန် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးကြီးကြပ်ရေးလုပ်ငန်းကော်မတီမှဦးဆောင်၍ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန နှင့် MITS အဖွဲ့တို့မှကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရပါတယ်။ MT TIRTASARI သင်္ဘောက ပြည်တွင်းစားသုံးဆီဖူလုံမှုရှိစေရန်နှင့် စက်မှုကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သောကုန်ကြမ်းများအချိန်မီဖြန့်ဖြူးနိုင်ရန်ရည်ရွယ်၍ ဆိုက်ကပ်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 004)