“မတ်လအတွင်း ဒေါ်လာအပါအဝင် ယွမ်၊ ဘတ်နှင့် ရူပီးသန်းပေါင်းများစွာကို အရောင်းအဝယ်ပြုလုပ်ခဲ့”

23 Mar

မတ်လတတိယပတ်အထိ FX Market Online Trading Platform မှာ သွင်းကုန်လုပ်ငန်းရှင်များနှင့် နိုင်ငံခြား ငွေလိုအပ်သူများမှ အမေရိကန်ဒေါ်လာ ၂၅၇ ဒသမ ၇၈ သန်း၊ ယွမ် ၁၀၃ ဒသမ ၇၀ သန်း၊ ဘတ် ၈၂၆ ဒသမ ၄၂ သန်းနှင့် ရူပီး ၁၁ ဒသမ ၉၉ သန်းတို့ကို အရောင်းအဝယ်ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။ နိုင်ငံခြားငွေကြေးရောင်းဝယ်မှုစျေးကွက်အတွင်းသို့ ဗဟိုဘဏ်မှလည်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၄ သန်း၊ ယွမ် ၀ ဒသမ ၇၇ သန်းနှင့် ဘတ် ၃၇ ဒသမ ၇၆ သန်းတို့ကိုရောင်းချပေးခဲ့ကာ ဗဟိုဘဏ်မှ မတ်လတတိယပတ် အထိ စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ ၉၆ သန်းရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ ဈေးကွက်အတွင်း နိုင်ငံခြားငွေနဲ့ စားသုံးဆီ၊ စက်သုံးဆီ၊ ဓာတ်မြေဩဇာ၊ ဆေးဝါးနှင့်ဆေးဝါးကုန်ကြမ်း ပစ္စည်းများ၊ စက်မှုကုန်ကြမ်း၊ စားသုံးကုန်စည်၊ မုယော၊ တိရိစ္ဆာန်အစာ၊ ထုပ်ပိုးပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်း၊ ကတ္တရာ၊ မီးဖိုချောင်သုံးဂတ်စ်၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ အင်ဂျင်ဝိုင်၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ ပိုးသတ်ဆေး၊ လူသုံးကုန်ပစ္စည်းများ၊ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ အီလက်ထရောနှစ်ပစ္စည်းများ၊ အခြားကုန် ပစ္စည်းများနှင့် Non Trade Transaction များကိုဝယ်ယူခဲ့ကြောင်း သိရပါတယ်။ (NVS 004)

23 Mar

ADVERTISE HERE .