“မြန်မာနိုင်ငံ၏ စက်သုံးဆီဈေးနှုန်းက ကမ္ဘာတစ်ဝန်းအတွင်း အလယ်အလတ်အဆင့်သာရှိ”
23 Mar
ကမ္ဘာလုံးဆိုင်ရာ စက်သုံးဆီဈေးနှုန်းများကို စစ်တမ်းကောက်ယူခဲ့ရာ မြန်မာနိုင်ငံ၏ စက်သုံးဆီဈေးနှုန်းက အလယ်အလတ်အဆင့်သာဖြစ်ကြောင်း သိရပါတယ်။ ကမ္ဘာတစ်ဝန်းမှာ စက်သုံးဆီဈေးနှုန်းအမြင့်ဆုံးနိုင်ငံမှာ သီရိလင်္ကာနိုင်ငံဖြစ်ပြီး စက်သုံးဆီတစ်လီတာကို ပျမ်းမျှ ဈေးအမေရိကန်ဒေါ်လာ ၁ ဒသမ ၁၇၆ ခန့်ရှိကာ စက်သုံးဆီဈေးနှုန်းအနိမ့်ဆုံးနိုင်ငံမှာ လစ်ဗျားနိုင်ငံဖြစ်၍ စက်သုံးဆီ တစ်လီတာကို ပျမ်းမျှဈေးအမေရိကန်ဒေါ်လာ ၀ ဒသမ ၀၂၃ သာရှိကြောင်း RankingRoyals ၏စစ်တမ်းအရသိရပါတယ်။ အဆိုပါစစ်တမ်းအရ မြန်မာနိုင်ငံတွင် စက်သုံးဆီ တစ်လီတာကို ပျမ်းမျှဈေး အမေရိကန်ဒေါ်လာ ၀ ဒသမ ၈၄ ရှိတယ်လို့ သိရပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အရှိန်အဟုန်နဲ့ အလျင်မြန်ဆုံးဖွံ့ဖြိုးတိုးတက်နေတဲ့ အွန်လိုင်းပညာရေး ဆိုင်ရာ ကွန်ရက်များထဲမှ တစ်ခုဖြစ်ကာ၊ ကမ္ဘာတစ်ဝှမ်းမှ ဒေတာနှင့် ကိန်းဂဏန်း အချက်အလက်များကို စုစည်းပြီး စိတ်ဝင်စားဖွယ်ရာ သတင်းအချက်အလက်များကို ကမ္ဘာလုံးဆိုင်ရာပရိသတ်များထံ တင်ဆက်ပေးနေခြင်း ဖြစ်ပါတယ်။ (NVS 004)