“ကိုဘီမိုင်နူး ကို ၂၀၃၁ ခုနှစ်ထိ သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုရန် သဘောတူညီမှုရရှိ”

22 Mar

မန်ယူအသင်းက လူငယ်ကွင်းလယ်ကစားသမား ကိုဘီမိုင်နူး ကို လာမည့် ၂၀၃၁ ခုနှစ်ထိ သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုနိုင်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက် ၂၀ အရွယ် ကိုဘီမိုင်နူး ဟာ မန်ယူအသင်းအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၂ ခုနှစ်မှစတင်ကာ အသင်းတွင်ကစားခွင့်ရခဲ့ပြီးနောက် ဘောလုံးရာသီတိုင်းမှာ အဓိကကွင်းလယ် ကစားသမားအဖြစ် ပါဝင်နေသူဖြစ်ပါတယ်။ မန်ယူအသင်းကို နည်းပြ အာမိုရင် တာဝန်ယူကိုင်တွယ်ခဲ့ပြီးနောက် ကိုဘီမိုင်နူး အနေဖြင့် ပွဲကစားခွင့်များ နည်းပါးလာခဲ့ပြီး ယခုနှစ်ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ကာလက အသင်းမှထွက်ခွာရန် နီးစပ်ခဲ့ပါတယ်။ သို့သော် လက်ရှိနည်းပြ ကာရစ် လက်အောက်တွင် အဓိက ကစားသမားတစ်ဦးအဖြစ် ပြန်လည်ပါဝင်လာခဲ့ပြီး မန်ယူအသင်းက သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ရာ ၂၀၃၁ ခုနှစ်ထိ သက်တမ်းတိုး စာချုပ် ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

22 Mar

ADVERTISE HERE .