“ဖာနန်ဒက်စ် ကို လုပ်ခလစာတိုးမြှင့်ပြီး သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် မန်ယူအသင်းစီစဉ်”

22 Mar

မန်ယူအသင်းက ကွင်းလယ်ကစားသမား ဖာနန်ဒက်စ် ကို လုပ်ခလစာတိုးမြှင့်ပြီး သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရပါတယ်။ အသက် ၃၁ နှစ်အရွယ် ဖာနန်ဒက်စ် ဟာ ၂၀၁၉ ခုနှစ်က စပို့တင်းလစ္စဘွန်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းမှာ အကောင်းဆုံးခြေစွမ်းပြသခဲ့ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အကောင်းဆုံး ကွင်းလယ်ကစားသမားများအနက် တစ်ဦးအပါအဝင်အဖြစ် ရပ်တည်နေသူ ဖြစ်ပါတယ်။ မန်ယူအသင်းနှင့် ဖာနန်ဒက်စ် တို့ စာချုပ်သက်တမ်းမှာ ၂၀၂၇ ခုနှစ်၊ ဇွန်လတွင် ကုန်ဆုံးမှာဖြစ်လို့ သက်တမ်း တိုးစာချုပ်သစ် ချုပ်ဆိုရန် စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိတွင် ဖာနန်ဒက်စ် အနေနဲ့ မန်ယူအသင်းတွင် စတာလင်ပေါင် ၃၀၀,၀၀၀ ရရှိနေသူဖြစ်ပြီး ၎င်းကိုယ်တိုင်က တစ်ပတ်လုပ်ခ စတာလင်ပေါင် ၄၀၀,၀၀၀ ထိ အလိုရှိ နေသဖြင့် မန်ယူအသင်းက ဖာနန်ဒက်စ် တောင်းဆိုထားသည့် လုပ်ခလစာပေးချေပြီး စာချုပ်သစ်ချုပ်ဆိုမည် ဖြစ်ကြောင်း သိရပါတယ်။(NVS 008)

22 Mar

ADVERTISE HERE .