“တိုက်စစ်မှူး ဒီလပ် အပြင် ဂါနာချို ကိုပါ ပြန်လည်ရောင်းချရန် ချယ်လ်ဆီးအသင်းဆုံးဖြတ်”

22 Mar

ချယ်လ်ဆီးအသင်းက လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူး ဒီလပ် အပြင် ဂါနာချို ကိုပါ ပြန်လည်ရောင်းချရန် ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ ချယ်လ်ဆီးအသင်းက ပြီးခဲ့တဲ့နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလမှာ ဒီလပ် ကို အစ်ဝှစ်ချ်အသင်း ထံမှ ခေါ်ယူခဲ့ပြီး ဂါနာချို ကိုလည်း မန်ယူအသင်းထံမှ ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။ ဒီလပ် ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက အစ်ဝှစ်ချ်အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြသခဲ့ပြီး သွင်းဂိုးများ သွင်းယူခဲ့သော်လည်း လက်ရှိဘောလုံးရာသီ တွင် ခြေစွမ်းပြသနိုင်ရန် ရုန်းကန်နေရတာကြောင့် ၎င်းကို နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ရောင်းချရန် ဆုံးဖြတ်ထားခြင်းဖြစ်ပါတယ်။ အလားတူ ဂါနာချို ကလည်း လက်ရှိ ချယ်လ်ဆီးအသင်း နည်းပြ ရိုစီနီယာ လက်အောက်တွင် ပွဲကစားခွင့် မရရှိဘဲ ရုန်းကန်နေရတာကြောင့် ချယ်လ်ဆီးအသင်းက လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ရောင်းချရန် ဆုံးဖြတ်ထားသည့် ကစားသမားစာရင်း၌ ဒီလပ် အပြင် ဂါနာချို ကိုပါ ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။(NVS 008)

22 Mar

ADVERTISE HERE .