“ဘာစီလိုနာအသင်းက ဘယ်ဒီ အတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၉၀ သတ်မှတ်”
22 Mar
မန်ယူအသင်းက ခေါ်ယူရန်ပစ်မှတ်ထားနေသည့် ဘာစီလိုနာအသင်းမှ ခံစစ်ကစားသမား ဘယ်ဒီ အတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင်သန်း ၉၀ သတ်မှတ်ခဲ့ကြောင်း Livescore သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဘယ်ဒီ ဟာ ဘာစီလိုနာအသင်း အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ်က အသင်းနှင့် စတင်ပူးပေါင်းခဲ့ပြီးနောက် ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံးခြေစွမ်းပြသခဲ့ပြီး အဓိက ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။ မန်ယူအသင်းက အသင်း၏ ဘယ်တောင်ပံခံစစ်နေရာတွင် လုရှောခ် တစ်ဦးတည်းကိုသာ အား ထားနေရတဲ့အတွက် ယခုနှစ်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ဘယ်ဒီ ကိုခေါ်ယူပြီး အင်အား ဖြည့်တင်းရန် ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။ ဘယ်ဒီ နှင့် ဘာစီလိုနာအသင်းတို့ စာချုပ်သက်တမ်းမှာ ကျန်ရှိနေသေးသော်လည်း မန်ယူအသင်းက ယခုနှစ်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ခေါ်ယူရန်ကြိုးပမ်းနေခဲ့လို့ ဘာစီလိုနာအသင်းက ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း ၉၀ ဖြင့် ကမ်းလှမ်းလာမည်ဆိုပါက လက်ခံဆွေးနွေးသွားဖွယ် ရှိနေကြောင်း သိရပါတယ်။(NVS 008)