“နိုင်ငံတကာအဆင့်မီ ထိုင်းနိုင်ငံတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲ ရန်ကုန်မြို့တွင်ကျင်းပမည်”
22 Mar
ထိုင်းနိုင်ငံမှ နိုင်ငံတကာအဆင့်မီတက္ကသိုလ် ၂၆ ကျောင်းပါဝင်တဲ့ အခမဲ့(၁၁)ကြိမ်မြောက် ထိုင်းတက္ကသိုလ် ပေါင်းစုံပညာရေးပြပွဲကို ဧပြီလ ၄ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပညာရေးပြပွဲကို ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်း(AMAUT)က ကြီးမှူး ကျင်းပခြင်းဖြစ်ကာ မြန်မာကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်၊ ကောလိပ်များ၊ ပညာရေးအဖွဲ့အစည်း များ၏ ကိုယ်စားလှယ်များထံမှ သတင်းအချက်အလက်များ၊ ထိုင်းတက္ကသိုလ်များနှင့် တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်နိုင်မည်ဖြစ်ကာ ထိုင်းတက္ကသိုလ်မှ ဘွဲ့ရထားသူများမှလည်း အတွေ့အကြုံများကို မျှဝေသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အပြည့်အဝပညာသင်ဆုများ၊ တစ်စိတ်တစ်ပိုင်း ထောက်ပံ့ကြေးများအကြောင်းကို တစ်နေရာတည်းတွင် မေးမြန်းနိုင်ခြင်း၊ ဘာသာရပ်ရွေးချယ်ခြင်း၊ ကျောင်းဝင်ခွင့် လိုအပ်ချက်များ မေးမြန်းနိုင်ခြင်း၊ Business၊ Engineering၊ Medical Sciences၊ IT၊ Hospitality နှင့် အခြား ခေတ်မီ ဘာသာရပ်ပေါင်းစုံကို စိတ်ကြိုက်ရွေးချယ်နိုင်ခြင်း၊ ကျောင်းလခ၊ နယ်မြေအခြေအနေ၊ အင်္ဂလိပ်စာလိုအပ်ချက်နှင့် ဘွဲ့ရပြီးနာက် အလုပ်အကိုင်အခွင့်အလမ်းများကို အသေးစိတ်သိရှိနိုင်မှာဖြစ်ပါတယ်။ လာရောက်လေ့လာ စုံစမ်းမေးမြန်းလိုသူများအနေဖြင့် https://forms.gle/GUdGm8vJV1rdEAma7 တွင် စာရင်းပေးသွင်းနိုင်ကြောင်း သိရပါတယ်။(NVS 004)