“ပုဂ္ဂိုလ်စွဲ ပါတီစွဲမထားဘဲ နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထားရန်တိုက်တွန်း”

22 Mar

ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး က လွှတ်တော်ကိုယ်စားလှယ်များအား ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲမထားဘဲ နိုင်ငံတော်ရဲ့ အမျိုးသားအကျိုးစီးပွား၊ နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားကိုသာ ဦးထိပ်ထားရန် မတ်လ ၂၀ ရက် နံနက်ပိုင်းက ကျင်းပသည့် တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့တွင် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် သဘောထားကွဲလွဲသည့် ဥပဒေကြမ်းများကို ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးဆုံးဖြတ် ရာတွင်လည်း လွှတ်တော်စွဲ၊ ဝါဒစွဲ၊ ပါတီစွဲမထားဘဲ ပိုမိုကောင်းမွန်သည့် ဥပဒေပြဋ္ဌာန်းချက်များ ဖြစ်ပေါ် လာစေရေးကိုသာ ဦးတည်ပြီး နားလည်မှု၊ စည်းလုံးညီညွတ်မှုတို့ကို အခြေခံဆွေးနွေးရန်လည်း မှာကြားခဲ့ပါတယ်။ ထို့အတူ ပြည်ထောင်စုလွှတ်တော်သည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ တင်သွင်း ဆွေးနွေးသော ဥပဒေကြမ်းများကို အတည်ပြုပေးရသည့် လွှတ်တော်ကြီးဖြစ်ကာ နိုင်ငံတော်အတွက် အရေးကြီးသော ကိစ္စရပ်များကို အဆုံးအဖြတ်ပေးရသည့် လွှတ်တော်ကြီးဖြစ်၍ ပြည်ထောင်စုလွှတ်တော်၏ အခန်းကဏ္ဍ ဂုဏ်ဒြပ် မြင့်မားသကဲ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍသည်လည်း အရေးပါကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 004)

22 Mar

ADVERTISE HERE .