“အိန္ဒိယနှင့် အာရှဒေသမှ ရေနံချက်စက်ရုံများ အီရန်၏ ရေနံကို ပြန်လည်ဝယ်ယူရန် ပြင်ဆင်နေ”

22 Mar

အမေရိကန်ပြည်ထောင်စုက အီရန်နိုင်ငံ အပေါ်ချမှတ်ထားသော ပိတ်ဆို့မှုများကို ယာယီဖြေလျှော့ ပေးပြီးနောက် အိန္ဒိယနှင့် အာရှဒေသရှိ ရေနံချက်စက်ရုံများက အီရန်၏ ရေနံများကို ပြန်လည်ဝယ်ယူရန် စီစဉ်နေ ကြောင်း မတ်လ ၂၁ ရက်တွင် ကုန်သည်များကပြောသည်။ အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသောစစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် စွမ်းအင်ပြတ်လပ်မှုကို ကုစားနိုင်ရေးအတွက် အမေရိကန်က ပိတ်ဆို့မှုများကို ယာယီဖယ်ရှားပေးခြင်းဖြစ်သည်။ ယင်းနောက် အိန္ဒိယ ရေနံချက်စက်ရုံများအနေဖြင့် အီရန်၏ရေနံများကို ဝယ်ယူမည်ဖြစ်ကြောင်းနှင့် ငွေပေးချေမှုဆိုင်ရာ အသေးစိတ် အချက်အလက်များအတွက် အစိုးရနှင့်အမေရိကန်မှ ထုတ်ပြန်ချက်များကို စောင့်ဆိုင်းနေကြောင်း သတင်း အရင်းအမြစ်များကပြောသည်။ ထို့ပြင် အာရှဒေသရှိ အခြားသော ရေနံချက်စက်ရုံများကလည်း အီရန်၏ရေနံကို ဝယ်ယူနိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးနေသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏အစိုးရအဖွဲ့သည် ပင်လယ်ပြင်သို့ ရောက်ရှိနေပြီးဖြစ်သော အီရန်၏ရေနံများကို ဝယ်ယူနိုင်ရန် ရက်ပေါင်း ၃၀ ကြာ ပိတ်ဆို့မှုကင်းလွတ်ခွင့်ကို မတ်လ ၂၀ ရက်တွင် ထုတ်ပြန်ထား ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့် ကပြောသည်။ အမေရိကန်အစိုးရ၏ အဆိုပါကင်းလွတ်ခွင့်တွင် မတ်လ ၂၀ ရက်နှင့် ယင်းမတိုင်မီ သင်္ဘောများပေါ်သို့ တင်ဆောင်ထားသော ရေနံများအတွက် အကျုံးဝင်ပြီး ဧပြီလ ၁၉ ရက်တွင် သင်္ဘောပေါ်မှ အပြီးသတ်ချရမည်ဟု ဖော်ပြထားသည်။

22 Mar

ADVERTISE HERE .