“စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း အနည်းငယ်မြင့်တက်”

21 Mar

မတ်လ ၂၀ ရက်မှ ၂၆ ရက်အထိ တစ်ပတ်တာကာလအတွင်း ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၆,၆၀၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်တာကာလဖြစ်တဲ့ မတ်လ ၁၃ ရက်မှ ၁၉ ရက်အထိ ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ၆,၅၇၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ယခုတစ်ပတ်တွင် ၆၆၀၀ ကျပ်သို့ ထပ်မံမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် အသိပေးထားရှိပါတယ်။(NVS 004)

21 Mar

ADVERTISE HERE .