“PDF နှင့် AA အဖွဲ့ဝင်များ ထပ်မံအလင်းဝင်ရောက်”
21 Mar
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ အမျိုးသား ၂၀ ဦး၊ အမျိုးသမီး တစ်ဦးနှင့် AA အဖွဲ့ဝင် အမျိုးသားတစ်ဦး ပေါင်း ၂၂ ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ မတ်လ ၂၀ ရက်တွင် ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက် လာခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ကြိုဆိုလက်ခံပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းအပ်နှံပွဲ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ခဲ့ပါတယ်။ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုး က အသိပညာပေး အမှာစကားပြောကြားခဲ့ပြီး ၎င်းတို့ နှင့်အတူ ပါရှိလာသည့် M4 သေနတ် ၂ လက်၊ MA1 သေနတ် ၃ လက်၊ MA3 သေနတ် ၂ လက်၊ MA4 သေနတ် ၁ လက်၊ AK47 သေနတ် ၁ လက်၊ T-81 သေနတ် ၁ လက်၊ ပစ္စတို ၂ လက်၊ လေသေနတ် ၁ လက်၊ ကျည်မျိုးစုံ ၅၆၉ တောင့်၊ ကျည်အိမ် ၁၆ ခု၊ လက်ပစ်ဗုံး ၄ လုံး၊ ၄၀ မမဗုံးသီး ၇ လုံး၊ ခဲဖူး ၈၈ ခုတို့ကို လက်ခံရယူခဲ့ပါတယ်။ လက်နက်များ ပေးအပ်ခဲ့သည့်အတွက် ဆုကြေးအဖြစ် မောင်းပြန်သေနတ် တစ်လက်အတွက် ငွေကျပ် သိန်း ၅၀ နှုန်းဖြင့် ၁၀ လက်အတွက် သိန်း ၅၀၀၊ ပစ္စတို တစ်လက် အတွက် ငွေကျပ် သိန်း ၃၀ နှုန်းဖြင့် ၂ လက်အတွက် ဆုကြေးငွေ သိန်း ၆၀၊ လေသေနတ်တစ်လက်အတွက် ဆုကြေးငွေကျပ် ၅ သိန်း၊ လက်ပစ်ဗုံး တစ်လုံးစီအတွက် ဆုကြေးငွေကျပ် ၃ သိန်းနှုန်းဖြင့် ၁၂ သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို ပြန်လည်ပေးအပ်ခဲ့ပါတယ်။ ထို့အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရပါတယ်။ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လိုပါက နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီ ထောက်ပံ့မှုများ ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက်လည်း ဆုကြေးငွေများ ပေးအပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်မှုများအရ သိရပါတယ်။(NVS 004)