“ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့(CNG) များကို ဆိုင်ပေါင်း ၄၁ ဆိုင်ဖြင့် ပိတ်ရက်မရှိ ရောင်းချပေးလျက်ရှိ”

21 Mar

အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရန် ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့(CNG) အရောင်းဆိုင် ၄၁ ဆိုင်ဖြင့် CNG ဓာတ်ငွေ့များကို ပိတ်ရက်မရှိ ရောင်းချပေးလျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။ သဘာဝဓာတ်ငွေ့(CNG)များကို ရောင်းချရာမှာ ၁ ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် မပြောင်းလဲဘဲ အများပြည်သူသယ်ယူပို့ဆောင်နေတဲ့ YBS ယာဉ်များနှင့် TAXI ယာဉ်များကို ရောင်းချပေးတာဖြစ်ပါတယ်။ သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၂၂ သန်းနဲ့ ၂၃ သန်းခန့်ကို နေ့စဉ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ကားများကို စီတန်းမှုများမရှိအောင် နေ့စဉ် နံနက် ၄ နာရီကနေ ည ၁၁ နာရီအထိ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး သတ်မှတ်ချိန်ကျော်လွန်ပါက စောင့်ဆိုင်းနေသည့် ကားများကုန်တဲ့အထိ ရောင်းချပေးရန် အရောင်းဆိုင်များသို့ အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရပါတယ်။ နေ့စဉ် ဖြန့်ဖြူးရောင်းချမှုအနေနဲ့ YBS ယာဉ် အစီးရေ ၅,၀၀၀ ခန့်နှင့် TAXI အစီးရေ ၃၀,၀၀၀ နီးပါးအထိ ရောင်းချပေးလျက်ရှိပါတယ်။ လက်ရှိတွင် CNG အသုံးပြုယာဉ်အားလုံး CNG တံဆိပ်များ အမြဲတပ်ဆင်ထားရန်နှင့် သဘာဝဓာတ်ငွေ့ (CNG)သုံး TAXI များအနေနဲ့ ယာဉ်စီးခများပိုမိုတောင်းခံပါက CNG သုံးစွဲခွင့်ယာဉ်အဖြစ်မှ ပယ်ဖျက်ခြင်းခံရမည် ဖြစ်ကြောင်းကို CNG အရောင်းဆိုင်များ၌ စွမ်းအင်ဝန်ကြီးဌာနမှ ညွှန်ကြားချက်ဗီနိုင်းများ ကပ်ထားကြောင်းလည်း သိရပါတယ်။(NVS 004)

21 Mar

ADVERTISE HERE .